သထုံ    မတ်    ၂၅

မွန်ပြည်နယ်၊ သထုံမြို့ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မတ် ၂၅ ရက် နံနက်ပိုင်းက ဘုရားခြောက်ဆူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ လူငယ်များအား ဉာဏ်ရည်မြင့်မားရေး စစ်တုရင်ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဒိုင်အဖြစ်ဆောင်ရွက်သည့် မွန်ပြည်နယ် စစ်တုရင်လက်ရွေးစင်ဟောင်း ဦးအေးကြူက ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ဘုရားခြောက်ဆူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ လူငယ် ၁၀ ဦးတို့က အတွဲအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်ပြိုင်ပွဲအလိုက် အနိုင်ရရှိသူများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကိုကိုဦး(ပြန်/ဆက်)