(၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရန်ကုန်တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသန့်ရှင်း‌ရေးနှင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန် ၊ မေ ၊ ၁

 

(၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရန်ကုန်တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းသန့်ရှင်းရေးနှင် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက  လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ကျင်းပသည်။

 

သွေးလှူဒါန်းခြင်းအား မေလ  ၅ ရက်‌နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန္ဓေတပ်ဖွဲ့ဝင် ၁၀၁ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃၁ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြရာ ထိုသိုသွေးလှူဒါန်းနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးရဲမင်းသူနှင့်တာဝန်ရှိသူများက အားပေးကြည့်ရှုကြရာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ပါမောက္ခချုပ်  ဒေါက်တာ သီတာလှ တို့ကသွေးလှူဒါန်းနေမှုအခြေအနေများကိုရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးလျှင် ကြက်ဥ ၃၅ လုံး၊ အအေးနှင့်ထောက်ပံ့ငွေများကိုပေးအပ်ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သွေးလှူဒါန်းရန်စောင့်ဆိုင်းနေသောတပ်ဖွဲ့ဝင်များကိုအားပေးစကား ပြောကြားသည်။

 

သွေးလှူဒါန်းခြင်းအပြင်ဆေးရုံကြီးသန့်ရှင်းသပ်ရပ်ရေးအတွက်တပ်ဖွဲ့ဝင်၅၅၀ကျော်ဖြင့်အဆင့်မြှင့်မီးသတ်စက်ယာဉ်ဖြင့်ဆေးရုံ၏အမိုးများ၊နံရံများပေါ်တွင်တွယ်ကပ်ပေါက်နေသောအပင်များရှင်းလင်းခြင်း၊ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း၊ဆေးရုံကြီးအတွင်းအပြင်သန့်ရှင်းရေး‌ဆောင်ရွက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)