တောင်ကြီး   ဖေဖော်ဝါရီ  

 

(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေ ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈)နှစ်မြောက်  ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ မိန့်ခွန်း ပြောကြားသည်။

 

ထို့နောက် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များက တိုင်းရင်းသားရိုးရာ အစားအစာ ပြခန်းများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ MSME ပြခန်းများကို လှည့်လှည်ကြည့်ရှု အားပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည် မြို့တော်ခန်းမ၌ ကျင်းပသည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူများအား ဂုဏ်ထူး ဆောင်ဆု ချီးမြှင့်ပွဲသို့ တက်ရောက်ပြီး စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူ(၄၄)ဦးနှင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိသူ (၁၂)ဦးတို့ကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နယ်စပ်ရေးရာဝန်ကြီးဌာနက ပေးအပ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ယာယီ နေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအတွက် ဆိုလာနှင့် အခြေခံစားသောက်ကုန် စုစုပေါင်းတန်ဖိုး (၅၃)သန်းကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး JengPhang နော်တောင်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် ရှမ်းပြည်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ် လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူကြသည်။

 

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်) မွေးမြူရေးထူးချွန်ဆု (ပထမအဆင့်၊ တတိယအဆင့်) နှင့် လူမှု ထူးချွန် (ပထမအဆင့်) ရရှိသူများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လူမှုထူးချွန် (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ဆုရရှိ သူများကို လည်းကောင်း၊ အားကစား ထူးချွန်ဆု (တတိယအဆင့်) ရရှိသူများ၊ တာဝန်ထမ်းဆောင်ရာတွင် ပြည်နယ် ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ဌာန၊ အဖွဲ့အစည်းများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။    

(သတင်းစဉ်)