မြန်အောင် မတ် ၂၇

 

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ရိုင် မြန်အောင်မြို့ ရွှေဘုံသာမြို့မလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က ကျင်းပရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

မြန်အောင်မြို့ ရွှေဘုံသာမြို့မလမ်း ကွန်ကရစ်လမ်းအား မြန်အောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ငွေလုံးငွေရင်းလုပ်ငန်း (၄၀၀ ပေ၊ ၁၈ ပေ၊ ၈ လက်မ)အားလည်းကောင်း၊ အထွေထွေပိုလျှံရန်ပုံငွေဖြင့် (၅၇၀ ပေ၊ ၁၈ ပေ၊ ၈ လက်မ) အားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် လုပ်ငန်းတင်ဒါစနစ်ဖြင့် ငွေလုံးငွေရင်းလုပ်ငန်း (၈၅၃ ပေ၊ ၁၈ ပေ၊ ၈ လက်မ) အား တော်ဝင်ခိုင်မာကုမ္ပဏီက ငွေကျပ် ၃၄၀ ဒသမ ၅၆ ကျပ်သိန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် နှစ်အလိုက် အဆင့်မြှင်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)