(၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား

 

နေပြည်တော်၊ မတ် ၂၇

 

၂၀၂၃ ခုနှစ်  မတ်လ  ၂၇ ရက်နေ့ ယနေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 

စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်

 

ဦးစွာ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့သည် စစ်ရေးပြစစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိ နေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

 

 

ထို့နောက် ဘက်ပိုက်တပ်စုနှင့် ဗဟိုစစ်တီးဝိုင်းအဖွဲ့သည် စစ်ရေးပြကွင်းအတွင်းရှိ သတ်မှတ်နေရာ၌ နေရာယူကြပြီး ယန္တရားစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်ထွန်းဦး ဦးဆောင်၍ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုယန္တရားတပ်ခွဲတို့က ချီတက်နေရာယူကြသည်။

 

ဆက်လက်ပြီး စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် မြင့်ကျော်ထွန်း ဦးဆောင်၍ အလံတော်အဖွဲ့၊ ၎င်းနောက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် စန်းယုနိုင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လေကြောင်းရန် ကာကွယ် ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ တပ်မတော်လေ့ကျင့်ရေးအရာရှိ ချုပ်ရုံးကိုယ်စားပြု စစ်ရေးပြ တပ်ခွဲတို့ ပါဝင်သည့်အနော်ရထာ စစ်ကြောင်း။

 

ကျန်စစ်သားစစ်ကြောင်း

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် တင်အောင်ဆွေ ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ (၂)၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ တို့ပါဝင်သည့် ကျန်စစ်သားစစ်ကြောင်း။

 

ဘုရင့်နောင်စစ်ကြောင်း

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းဇော် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၂)၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁) တို့ပါဝင် သည့် ဘုရင့်နောင်စစ်ကြောင်း။

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး ဦးဆောင်သည့် ဂုဏ်ပြု တပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၂)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုး သမီး) စစ်ရေးပြတပ်ခွဲ (၃)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၄)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၅) နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ (၆) တို့ ပါဝင်သည့် အောင်ဇေယျ စစ်ကြောင်း။

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ်ထွန်းဝင်း ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ (၁)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ(၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ (၂) တို့ ပါဝင်သည့် ဆင်ဖြူရှင်စစ်ကြောင်း။

 

ဗန္ဓုလစစ်ကြောင်း

 

စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ လေကြောင်းချီစစ်ရေးပြ တပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ ပါဝင်သည့် ဗန္ဓုလစစ်ကြောင်း။

 

စစ်ကြောင်းမှူး ရဲမှူးချုပ် ဝင်းဘိုဦးဆောင်သည့် ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ (၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၃)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား) စစ်ရေးပြတပ်ခွဲ(၄)တို့ ပါဝင်သည့် အောင်ဆန်း စစ်ကြောင်းတို့က စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်းသို့ အစီအစဉ်အတိုင်း ချီတက်ကြသည်။

 

 

ထိုသို့ ချီတက်ချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများ စွပ်၍ ကြိုဆိုကြသည်။ အလားတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ရုပ်ရှင်ဂီတအနုပညာရှင်များ၊ ဒေသခံမိဘပြည်သူများက စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ ကြပြီး စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဇာတိသွေး၊ ဇာတိမာန် အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင်ဟစ်ကြွေးသီဆို ချီတက်လာကြပြီး စစ်ရေးပြကွင်းအတွင်းသို့ ရောက်ရှိနေရာယူကြသည်။ ယင်းနောက် ဗိုလ်ကြီး ဒေါ်မေမြတ်မူ ဦးဆောင်သည့် အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြတပ်ခွဲနှင့် ဗိုလ်မှူး ဇော်ဇေယျာဝင်း ဦးဆောင်သည့် တပ်မတော်(ရေ) အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲတို့က စစ်ရေးပြ ကွင်းအတွင်းသို့ ဆက်လက် ရောက်ရှိနေရာယူကြသည်။

တက်ရောက်

 

အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစား သံအမတ်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်း ပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့် ဗဟိုအကြံပေးကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှ ပုဂ္ဂိုလ်များ၊ ဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဝိုင်အမ်ဘီအေ အသင်းကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ တပ်မတော်နေ့ အလှူရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အစည်းအရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။

 

လိုက်လံစစ်ဆေး

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပသည့် စစ်ရေးပြကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးပြ စစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည် ထွက်ခွာကြသည်။

 

 

ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော် (လေ) မှ MI-2 M ရဟတ်ယာဉ် နှစ်စင်း စောင့်ကြပ် လိုက်ပါလာသည့် MI-17 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်း က “ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံကို ချိတ်ဆွဲ၍ လည်းကောင်း၊ MI-35P ရဟတ် ယာဉ် သုံးစင်းက “တပ်မတော် (ကြည်း၊ ရေ၊ လေ)အလံ တို့ကို ချိတ်ဆွဲ၍ လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်တစ်စင်းနှင့် MiG-29 ဘက်စုံသုံး တိုက်လေယာဉ်နှစ်စင်းတို့က ဝဲပတ်ပျံသန်း၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် တစ်စင်းနှင့် Eurocopter နှစ်စင်းတို့က Composite Formation အမျိုးအစားမတူသော ရဟတ် ယာဉ်များ အုပ်ဖွဲ့ပျံသန်းခြင်း ပုံစံဖြင့်လည်းကောင်း၊ MTX – 1 A လေယာဉ်တစ်စင်းနှင့် PT-6 လေယာဉ်ငါးစင်းတို့က Composite Wedge Formation အမျိုးအစားမတူသည့် လေယာဉ်များ အုပ်ဖွဲ့ပျံသန်းခြင်း ပုံစံဖြင့်လည်းကောင်း၊ Y-12 IV အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းနှင့် Grob-120 TP လေယာဉ် နှစ်စင်းတို့က အမျိုးအစားမတူသော Vic Formation ပုံစံဖြင့်လည်းကောင်း၊ MTX–1A လေယာဉ်တစ်စင်းနှင့် PT-6 လေယာဉ် ငါးစင်းတို့က Composite Wedge Formation အမျိုးအစား မတူသည့် လေယာဉ်များ အုပ်ဖွဲ့ ပျံသန်းခြင်းပုံစံဖြင့် ရှုရပ်၏ညာဘက် ၄၅ ဒီဂရီ မြင်ကွင်းမှ Landing Light များကို ဖွင့်၍ လည်းကောင်း၊ ATR-42 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းနှင့် BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စင်းတို့က အမျိုးအစားမတူ အုပ်ဖွဲ့ ပျံသန်းခြင်း Composite Formation ပုံစံဖြင့် ရှုရပ်၏ ဘယ်ဘက် ၄၅ ဒီဂရီမြင်ကွင်းမှ လည်းကောင်း။

 

 

သရုပ်ပြပျံသန်းအလေးပြု

 

ထို့နောက် K-8 W ဂျက်တိုက် လေယာဉ် ခြောက်စင်းက Wedge Formation အုပ်ဖွဲ့ ပျံသန်းခြင်း ပုံစံဖြင့် ပျံသန်းပြီး နိုင်ငံတော်အလံ ကိုယ်စားပြု အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးများကို ထုတ်လွှတ်၍ လည်းကောင်း၊ A-5JK ဗုံးကျဲတိုက်လေယာဉ် တစ်စင်းနှင့် Yak-130 ဂျက်တိုက် လေယာဉ် လေးစင်းတို့က Composite Head Formation အမျိုးအစားမတူ မြားခေါင်းပုံအုပ်ဖွဲ့ ပျံသန်းခြင်းပုံစံဖြင့် လည်းကောင်း၊ K-8 W ဂျက်လေယာဉ် ခြောက်စင်းက ဒုတိယအကြိမ်အဖြစ် Vulcan Formation အုပ်ဖွဲ့ပျံသန်းခြင်းပုံစံဖြင့် ပျံသန်းပြီး နိုင်ငံတော်အလံ ကိုယ်စားပြု အဝါရောင်၊ အစိမ်း ရောင်၊ အနီရောင် မီးခိုးများကို ထုတ်လွှတ်၍ လည်းကောင်း၊ FTC-2000G ဂျက်တိုက်လေယာဉ် ငါးစင်းက Arrow Head Formation မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း ပုံစံဖြင့်လည်းကောင်း၊ MiG- 29 ဘက်စုံသုံး ဂျက်လေယာဉ်ငါးစင်း က Arrow Head Formation မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း ပုံစံဖြင့်လည်းကောင်း၊ FTC-2000G ဂျက်တိုက်လေယာဉ် ငါးစင်းက Arrow Head Formation မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်းပုံစံဖြင့် ရှုရပ်ရှေ့တည့်တည့်မှ ဒုတိယအကြိမ် ပျံသန်း၍လည်းကောင်း၊ MiG-29 ဘက်စုံသုံး ဂျက်လေယာဉ်ငါးစင်း က Arrow Head Formation မြားခေါင်းပုံ အုပ်ဖွဲ့ပျံသန်းခြင်း ပုံစံဖြင့် ရှုရပ်ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ်ကာ Fan Break ခေါ်ယပ်တောင်ပုံခွဲထွက် ပျံသန်း၍လည်းကောင်း အသီးသီးသရုပ်ပြပျံသန်းကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အား အလေးပြုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တက်ရောက် လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကာ စစ်ရေးပြကွင်း ကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

 

ဝင့်ထည်စွာတွေ့မြင်နိုင်

 

(၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော် စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တံဆိပ်ကြီးကိုလည်းကောင်း ဝင့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ် ရေးတပ်မတော်အလံ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ညွှန်ကြားရေးမှူးရုံး အလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။

 

ထို့အပြင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် ရန်ကုန်-မန္တလေး ကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ် များကို ဖော်ကြူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိပြီး စစ်ရေးပြကွင်းရှေ့ရှိ လမ်းတစ်လျှောက်တွင်လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များ စိုက်ထူကာ စာတန်းများကိုလည်း ချိတ်ဆွဲ ထားရှိကြောင်း သိရသည်။

 

သတင်းစဉ်