ရေကြည် မတ် ၁၂
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်တွင် MIIZ Engineering ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ဆီဆုံကုန်း-ကြို့ကုန်း ကွန်ကရစ်တံတားသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ ဆီဆုံကုန်းကျေးရွာတံတားမုခ်ဦးတွင် ကျင်းပသည်။
တံတားဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး တံတားပေါ်သို့ လှည်လည့်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွန်ကရစ်တံတားမှာ အလျား(၆၀)ပေ၊ အနံ(၁၄)ပေ၊ အမြင့် (၁၆)ပေ၊ ကျယ်ဝန်းပြီး တာဝန်ယူတည်ဆောက်ခဲ့သည့် MIIZ Engineering ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၀၅ ဒသမ ၅၀ သန်းဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)