နေပြည်တော် အောက်တိုဘာ ၈

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ကြီးမှူး၍ “(၈) ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ + ၃ နိုင်ငံများ သတ္တုကဏ္ဍ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၊ တတိယအကြိမ် အာဆီယံ သတ္တုဆိုင်ရာ ဆုချီးမြှင့်ရွေးချယ်ရေး ဘုတ်အဖွဲ့ အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများ” ကို အောက်တိုဘာ ၄  ရက်မှ ၈  ရက်အထိ Video Conferencing on Cisco Webex ဖြင့် ကျင်းပသည်။

အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သတ္တုတွင်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးခင်လတ်ကြီး ဉီးဆောင်၍ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွှန့်  နှင့် တာဝန်ရှိသူများ  ပါဝင်တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

အောက်တိုဘာ ၈ ရက်တွင် ကျင်းပသည့် “(၈) ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ဗီယက်နမ် နိုင်ငံမှ  Minister of Natural Resources and Environment ဖြစ်သူ H.E. Dr. Tran Hong က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ASEAN Secretariat မှ Deputy Secretary-General for ASEAN Economic Community H.E. Satvinder Singh နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးများ တွင် အာဆီယံသတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး စီမံချက် Phase 2 (၂၀၂၁-၂၀၂၅) (ASEAN Mineral Cooperation Action Plan-AMCAP AMCAP - III, Phase 2 ) နှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံ အသီးသီးအလိုက် တာဝန်ယူလုပ်ဆောင်မည့် Action Line များ၊  Outcome Based Strategies များ၊ Annual Milestone များနှင့် Work Plan များကို အသေးစိတ် ဆွေးနွေးခြင်း၊ အာဆီယံနှင့် မိတ်ဖက်ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုးရီးယား ပါဝင်သည့် အာဆီယံ + ၃ နိုင်ငံများအပြင်  ASEAN Federation of Mining Association - AFMA, Coordinating Committee for Geoscience Programmes in East and Southeast Asia- CCOP, Intergovernmental Forum- IGF တို့နှင့် ပူးပေါင်း ဆောင်ရွက်မှု  အစီအစဉ်များကို အတည်ပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်