နေပြည်တော် ဒီဇင်ဘာ ၁၅
(၈) ကြိမ်မြောက် အာရှ-ဥရောပ ပညာရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပရာ အာရှနှင့် ဥရောပ (၄၇) နိုင်ငံမှ ပညာရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ရှေးဦးစွာ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး H.E.Treenuch Thienthong က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထိုနောက် လာမည့်ဆယ်စုနှစ်အတွက် အာရှ-ဥရောပ ပညာရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက် (၄)ရပ်အပေါ် အာရှနှင့် ဥရောပ ပညာရေးဝန်ကြီးများက မိန့်ခွန်းအသီးသီး ပြောကြားရာ မြန်မာနိုင်ငံကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က ဘဝတစ်သက်သာသင်ယူမှု မြှင့်တင်ရေးရည်မှန်းချက်ခေါင်း စဉ်ဖြင့် ဆွေးနွေးသည်။
ဆက်လက်၍ အာဆီယံ-ဥရောပ ပညာရေးမဟာဗျူဟာ ၂၀၃၀ အတွက် ပူးပေါင်း ဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် ပညာရေးဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသည်။ ထို့နောက် အာရှ-ဥရောပ ပညာရေးမဟာဗျူဟာနှင့် လုပ်ငန်းစဉ် ၂၀၃၀ ကို အတည်ပြုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)