နေပြည်တော် မတ် ၇
၂၀၂၆ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ အရာရှိ၊ စစ်သည် ၈၄ ဦး ဖြင့်လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမ၌ အရာရှိ၊ စစ်သည် ၇၂ ဦးဖြင့် လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ အရာရှိ၊ စစ်သည် ၁၉၅ ဦး ဖြင့်လည်းကောင်းပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


