နေပြည်တော် မတ် ၄

 

(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်(ရေ) ဗဟိုအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် တပ်နယ်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကွပ်ကဲမှုအောက်ဌာနချုပ်များ၊ ကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုကြသည်။

 

ကြည့်ရှုအားပေး

အဆိုပါ တပ်မတော်(ရေ) ဗဟိုအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲသို့ ဝင်ရောက် ဖြေဆိုကြသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းလူနှင့် တာဝန်ရှိသူတို့က သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်