အင်္ဂပူ မတ် ၁၆

 

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂပူမြို့နယ် ပဆင-ဆုံကုန်း-ထန်းပင်ကန်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

 

ဦးစွာ လမ်းသစ်အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

အဆိုပါလမ်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံ​​ငွေကျပ် ၁၄၇ ဒသမ ၈၈၄ သန်းဖြင့် လမ်းအရှည် ၀/၂ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာငါးရွာ၊ အိမ်ခြေ ၂၆၅ အိမ်၊ လူဦးရေ ၁၀၆၂ ဦးတို့အတွက် လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)