ပုသိမ် မတ် ၅
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် လှည်းဆိပ် ကျေးရွာ အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင် ရွက်ပြီးစီးသည့် RCC နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဆောင်သစ် မျက်နှာစာ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးကာ ကျောင်းဆောင် သစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ် ကျွန်းဒေါင့် ကျေးရွာ တောင်သူဦးမြင့်စိုး၏ ဆင်းပဒေသာ(၁၂) ဆောင်းမြေပဲ စံကွက်ရတ်သိမ်းပွဲသို့ တက်ရောက် ကြည့်ရှုအားပေးပြီး နှောကုန်းကျေးရွာ ဖူးရတနာ မြေပဲခွဲစက်နှင့် မြေပဲဆီသန့်ကြိတ် စက်ရုံ၌ မြေပဲအခွံချွတ်စက်၊ မြေပဲ သန့်စင်စက်၊ မြေပဲကြိတ်စက်တို့ဖြင့် မြေပဲဆီကြိတ်ခွဲနေမှု အခြေ အနေကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရေကြည်မြို့နယ် ကျွန်းတောက် ကျေးရွာ၊ နှောကုန်းကျေးရွာနှင့် ကြိမ်ချောင်းကျေးရွာ လျှပ်စစ်မီး ဖွင့်ပွဲသို့ တက်ရောက်ပြီး တာဝန်ရှိ သူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မဲဇလီကုန်း ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲသို့ တက်ရောက်ပြီး တာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကုန်ထုတ်လမ်းကို ဖြတ်သန်း ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာ၌ ကျင်းပသည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး က တောင်သူလယ်သမားနေ့ အခမ်းအနား ဆွေးနွေးပွဲရလဒ်များကို စုစည်းတင်ပြပြီး တောင်သူလယ်သမားနေ့ ပြခန်းများတွင် နှစ်သိမ့်ဆုရရှိသည့် ပုသိမ်ခရိုင်နှင့် ဟင်္သာတခရိုင်တို့အား စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊ ပထမဆု ရရှိသည့် မြောင်းမြခရိုင်၊ ဒုတိယဆု ရရှိသည့် ကျုံပျော်ခရိုင်နှင့် တတိယဆုရရှိသည့် လပွတ္တာ ခရိုင်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း ဆုများချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


