ကော့သောင်း ၈ နိုဝင်ဘာ
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်ပညာရေး ဌာနတို့ ပူးပေါင်း ပြုလုပ်သည့် အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မေတ္တာစိုး ကိုယ်ပိုင် အလယ်တန်းကျောင်း၊ ကွင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီ (ခ)ကျော်မင်းယုနှင့် ဦးမင်းကိုနိုင် (ခ) ပေါ်ထွန်းဦးတို့က “အနာဂတ်လူငယ်များနှင့် ပညာ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဆွေးနွေး ဖြေကြား ပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ ကော့သောင်းမြို့၏ ကိုယ်ပိုင်ကျောင်းများဖြစ်သည့် မေတ္တာစိုး နှင့်အလင်းရောင် ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀ဝ)ခန့် တက်ရောက်ခဲ့ကြပြီး အလားတူ ဟောပြောပွဲများကို ကော့သောင်းမြို့ အမှတ်(၁)နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


