mdn

နေပြည်တော်၊ ၂၈ ဒီဇင်ဘာ

 

() ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၈ ရက်  နံနက် နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာငုယင်ကွစ်ဇွန်းတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး မစ္စတာလီကွတ်ဝ်သွမ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ လက်ရှိပြည်တွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ထူထောင်ထားရှိသည့် ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးမှ မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်သွားနိုင်မည့်အလားအလာ၊ လာမည့်နှစ်တွင် နှစ်နိုင်ငံ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်စီစဉ်သွားနိုင်ရေး၊ အာဆီယံ၊ စီအယ်လ်အမ်ဗွီ၊ အက်မက်စ်နှင့် အခြားမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်များနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။

#နိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ-သတင်းစဉ်

 

mdn