ကျောက်ထု နို၀င်ဘာ ၁၇
ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ကျောက်ထုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးစီးကျင်းပသော (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်ရာ အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၂၀)ဦး ပါ၀င်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲအပြီးတွင် အမှတ်များပေးပြီးနောက် ဆုရရှိသူများအား အမျိုးသားအောင်ပွဲနေ့တွင် ဆုများချီးမြှင့်ပေးသွားကြမည်ဟု သိရသည်။
မောဟေမာန် (ပြန်/ဆက်)


