နေပြည်တော် ၁၀ ဇွန်

 

ချင်းပြည်နယ် ပလက်ဝမြို့၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ တောင်ကုန်းပေါ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်တာဝါတိုင်အား မေ ၇ ရက် ည ၁၀ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဖြိုချဖျက်ဆီးခဲ့သည့်အတွက် ပျက်စီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းစက်ရုံမှ ဝန်ထမ်းများက ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် စက်ရုံတည်ရှိရာ မှန်ပြတောင်ပေါ်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။

 

4

 

စစ်ဆေးတွေ့ရှိချက်များအရ ပလက်ဝ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ လွှင့်စက်ခန်း အဆောက်အဉီမှာ ခေါင်မိုးများ၊ နံရံများ၊ မျက်နှာကြက်များပျက်စီးခဲ့ပြီး မီးစက်အဆောက်အဉီမှာ   ခေါင်မိုးသွပ်ပြားများ ပေါက်ပြဲပျက်စီးသွားခဲ့ကြောင်း၊ ထို့ပြင် စက်ခန်းအတွင်းတပ်ဆင်ထားသော 500 Watt TV Transmitter နှစ်လုံး အပါအဝင် စက်ပစ္စည်းလေးမျိုး လောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ မီးစက်အဆောက်အဉီအတွင်းရှိ 7.5 KVA မီးစက်တစ်လုံးနှင့် 5.0 KVA မီးစက်တစ်လုံး စုစုပေါင်း မီးစက်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် ရုံးသုံးပရိဘောဂ လေးမျိုးလည်း ပျက်စီးသွားခဲ့ကြောင်း။

 

တာဝါတိုင်မှာ အရှေ့တောင်ဘက်သို့ လဲပြိုကျနေသည်ကို တွေ့ရှိရကြောင်းနှင့် ရုပ်သံဖမ်းယူသည့်စလောင်း (TVRO) မှာလည်း မူလအနေအထားအတိုင်း မရှိဘဲ ပျက်စီးနေသည်ကို တွေ့ရှိရကြောင်း။

 

4

 

အဆိုပါ ပလက်ဝရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ၁၉၉၈ ခုနှစ် မတ် ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ကာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်