နေပြည်တော် ၂၈ ဧပြီ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ၁ ဦးအား အကြမ်းဖက်သောင်းကျန်းသူများက  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲဒုတိယတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၂ ဦးတို့သည် ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြောက်ဦးမြို့သို့ ဈေးဝယ်ရန်သွားရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာရာ ရတနာ့မာန်အောင် ဘုရားလမ်းရှိ သီဟိုဠ်ခြံအနီးသို့ အရောက်၌ အရပ်ဝတ်များ ဝတ်ဆင်ထားသော တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူ ၈ ဦးက ဝိုင်းရံဖမ်းဆီးခဲ့သဖြင့် ရဲတပ်သားတစ်ဦး  ဖမ်းဆီးခံခဲ့ရကြောင်း။

 

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်