အီရန်နိုင်ငံသို့သွားရောက်ရန် စီစဉ်ထားသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်က ဒေသတွင်း တင်းမာမှုများကို လျော့ချစေမည်ဟု မျှော်လင့်ပါကြောင်း အီရန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်တစ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံက လက်ရှိ အခြေအနေကို အမေရိကန်နိုင်ငံက နားလည်စေရန် ဆောင်ရွက်နိုင်မည်ဟု  အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Abbas Araqchi က  NHK သို့ ယမန်နေ့က ပြောကြားခဲ့သည်။ 

တီဟီရန်အပေါ် တစ်ဖက်သတ်ဖိအားတိုးမြှင့်ခဲ့သည့် အမေရိကန်ပြည်ထောင်စုနှင် စေ့စပ်ညှိနှိုင်းများအတွင်း တတိယနိုင်ငံ ပါဝင်ခွင့်ပြုရန် အီရန်နိုင်ငံက တွန့်ဆုတ်ခဲ့သည်ဟု ဆိုသည်။

 

mdn

 

Araqchi's ၏ မှတ်ချက်များသည် အမေရိကန်ပြည်ထောင်စုနှင့် အနီးကပ်ဆက်ဆံမှုရှိသည့် တိုင်းပြည်တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံအပေါ် အရေးထားသည့် လက္ခာဖြစ်သည်။

အီရန်နိုင်ငံသို့ သွားရောက်မည့် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ခရီးစဉ်အတွက် အပြီးသတ်အစီအစဉ်များ စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လာမည့်အပတ် ဗုဒ္ဓဟူးနေ့မှ စတင်ပြီး  ခေါင်းဆောင် အယာတိုလာအလီခါမေနီ အပါအဝင် အီရန်ခေါင်းဆောင်များနှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း  Araqchiက ထုတ်ဖော်ပြောဆိုခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်