နေပြည်တော် ၂၈ စက်တင်ဘာ
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် နယူးယောက်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေး (Informal ASEAN-US Ministerial Meeting ) သို့ တက်ရောက်သည်။
အစည်းအဝေးတွင် လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး John J. Sullivan တို့က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်ကြပြီး အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက်မိတ်ဖက်ဆက် ဆံရေးတိုးမြှင့်ရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)