နေပြည်တော် ၁၇ ဇွန်

 

အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း အဆင့်မြင့်အရာရှိကြီးများ ကော်မတီ (SOCA) နှင့် ဗီယက်နမ်တို့မှ ဦးဆောင်၍ (၁၅)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ (SOMRDPE) အလှည့်ကျ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က SOMRDPE Framework Action Plan 2016-2020 အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ဖြစ်ပေါ်တိုးတက်မှုများ၊ စိန်ခေါ်မှုများ၊ သင်ခန်းစာဖော်ထုတ်ချက်များ၊ ရေးဆွဲလျက်ရှိသည့် အာဆီယံ SOMRDPE Framework Action Plan 2021-2025 တွင် ထည့်သွင်းဆောင်ရွက်သွားမည့် အချက်များ၊ အာဆီယံ Sectoral Body များအကြား ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ကိုဗစ် - ၁၉ တုံ့ပြန်မှုအစီအစဉ်များနှင့် ပတ်သက်၍ SOMRDPE မှ ဆောင်ရွက်ရန် စီမံထားသည့် အစီအစဉ်များ၊ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော Covid-19 Economic Respond Plan နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ် - ၁၉ ထိခိုက်မှုသက်သာရေး လျော့ပါးစေရေး အစီအစဉ်များကို ဆွေးနွေးသည်။

 

အဆိုပါဆွေးနွေးပွဲသို့ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း (ASCC) အောက်ရှိ Sectoral Body (၁၆)ခုမှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn