အာဆီယံ ခရီးသွားလုပ်ငန်း စံနှုန်းများနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၃၁ ဇန်နဝါရီ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် "အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ" ကို ဇန်နဝါရီ ၂၉ ရက်နေ့  နံနက်ပိုင်းတွင် ထားဝယ်မြို့ Diamond Crown Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

 

အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးမြင့်မောင်၊ ဦးဖြိုးဝင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန အောက်မြန်မာပြည်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ထားဝယ်နှင့် မြိတ်မြို့မှ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့် စမ်းလှမ်း ကျေးရွာသားများ စုစုပေါင်း(၁၀ဝ) ဦးခန့် တက်ရောက်ခဲ့ကြပြီး အာဆီယံခရီးသွားလုပ်ငန်း အချက်အလက်များနှင့် အာဆီယံခရီးသွား မဟာဗျူဟာ၊ အာဆီယံ အစိ်မ်းရောင် စံနှုန်းများ၊ အာဆီယံ ခရီးသွားမြို့တော် စံနှုန်းများ၊ အာဆီယံ လူထုအခြေပြု ခရီးသွားလုပ်ငန်းစံနှုန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် လိုက်နာဆောင်ရွက်မည့် ကိစ္စရပ်များကို အသိပညာပေးဆွေးနွေးခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲအား ထားဝယ်မြို့ အပါအဝင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာဒေသများဖြစ်သော ကလော၊ မော်လမြိုင်၊ ငွေဆောင်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ နေပြည်တော် စသည့် နေရာ (၈) ခုတွင် ကျင်း ပနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်လည်း ဆက်လက် ကျင်းပသွားရန် အစီအစဉ်များရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN