ချောင်ဘူရီ ၂၇ ဇူလိုင်                 


၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲ အုပ်စု (က) ပထမနေ့ကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ စတင်ကျင်းပရာ မြန်မာအသင်း သရေပွဲကြုံတွေ့ခဲ့သည်။

မြန်မာအသင်းသည် စင်ကာပူအသင်းနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ရပြီး ဂိုးမရှိသရေကျခဲ့သည်။ မြန်မာအသင်းသည် စင်ကာပူကို ခြေအသာဖြင့် ကစားနိုင်သော်လည်း အခွင့်အရေးများ အသုံးမချနိုင်သောကြောင့် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ 


နည်းပြသစ် တော်စတန်ဖရန့်ခ်၏ ပထမဆုံးပွဲတွင် မြန်မာ ယူ-၁၅ အသင်းသည် သရေတစ်မှတ်သာ ရယူနိုင်ခဲ့သည်။ ယနေ့ယှဉ်ပြိုင်ကစားသည့် အုပ်စု (က) ပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်းက ဗီယက်နမ်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ တီမောအသင်းက ဖိလစ်ပိုင်အသင်းကို ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် ဇူလိုင် ၂၉ ရက်တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 


သတင်း-ရဲရင့်ရှိုင်း
Photo Credit> Myanmar football federation