အာဆီယံ ယူ-၁၈ ပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာအသင်း ရှုံးနိမ့်

၁၉ သြဂုတ်


၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး ဆုနှင့်လွဲချော်ခဲ့သည်။


မြန်မာအသင်းသည် တတိယနေရာလုပွဲတွင် အုပ်စုတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းနှင့် ပြန်လည်တွေ့ဆုံခဲ့ပြီး ငါးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် အင်ဒိုနီးရှားနှင့် ခြေစွမ်းအရ ကွာခြားမှုမရှိ သော်လည်း ပွဲချိန် ၃၆ မိနစ်မှ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုအထိ ၁၀ မိနစ်ကျော်အတွင်း ငါးဂိုးပေးလိုက်ရပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။


 မြန်မာအသင်းသည် အုပ်စုပွဲတွေ့ဆုံစဉ်က တစ်ဂိုးစီသရေကျခဲ့သော်လည်း ဂိုးများဆက်တိုက် ပေးလိုက်ရသောကြောင့် ဒုတိယပိုင်းတွင် ချေပဂိုးပြန်ရရန် အခက်တွေ့ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းအတွက် အနိုင်ဂိုးများကို ၃၆၊ ၄၅ မိနစ်တွင် ဘက်ခမ်ပူထရာ၊ ၃၈၊ ၄၁၊ ၄၅+၂ မိနစ်တွင် ဆူပါရီဒီတို့က သွင်းယူခဲ့သည်။


သတင်း-ရဲရင့်ရှိုင်း