၄  သြဂုတ်

 

သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။

 


ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြများအဖြစ်-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြအဖြစ်-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောထက်၊ နောက်တန်း-သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမူး၊ ကောင်းခန့်ကျော် (၁)၊ အလယ်တန်း-ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ရန်ကျော်စိုး၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ ရှေ့တန်း- လမင်းထွေး၊ ညီညီ၊ စောကျော်အဲနှင့် သြဘာခတို့ ပါဝင်ကြသည်။

 

 

မြန်မာ ယူ-၁၈ အသင်းသည် ယင်းပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်သည့်အနေဖြင့် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ ဂျပန်ခရီးစဉ်သို့ ခေါ်ဆောင်သွားသည့် ကစားသမား ၂၅ ဦးအနက် မျိုးကိုကိုလင်း၊ ကောင်းဇင်မိုး၊ ရဲထက်အောင်တို့ ချန်လှပ်ခံခဲ့ရပြီး ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း ပဏာမလူစာရင်းတွင် ရွေးချယ်ခံထားရသည့် ဟိန်းထက်အောင်ကို အားဖြည့်ရွေးချယ်ခဲ့သည်။

 

 

၂၀၁၉ အာဆီယံ  ယူ-၁၈ ပြိုင်ပွဲကို သြဂုတ် ၆ ရက်မှ ၁၉  ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် သြဂုတ် ၆ ရက်တွင် လာအိုအသင်း၊ သြဂုတ် ၈ ရက်တွင် ဖိလစ်ပိုင်အသင်း၊ သြဂုတ် ၁၀ ရက်တွင် တီမောအသင်း၊ သြဂုတ် ၁၂ ရက်တွင် ဘရူနိုင်းအသင်း၊ သြဂုတ် ၁၄ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 


သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF