ရန်ကုန် ဇွန် ၄

 

အာဆီယံဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပ မည့် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ပွဲဦးထွက် ကစားရမည်ဖြစ်သည်။ ၂၀၂၅ အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာ၊ လာအို၊ တီမော၊ အုပ်စု (ခ) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘော ဒီးယားနှင့် မလေးရှားအသင်းတို့ ပါဝင်နေ သည်။ မြန်မာအသင်းသည် အုပ်စုပွဲများ အဖြစ် ဇွန် ၉ ရက်တွင် ထိုင်းအသင်း၊ ဇွန် ၁၁ ရက်တွင် လာအိုအသင်း၊ ဇွန် ၁၃ ရက် တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အုပ်စုပွဲများကို ဇွန် ၉ ရက်မှ ၁၄ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇွန် ၁၆ ရက်၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဇွန် ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီး လူငယ် လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲ အတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက် ဝင်းက တာဝန်ယူ ကိုင်တွယ်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် မေ ၈ ရက်မှစ၍ ပဏာမ ကစားသမား ၃၀ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင် ခဲ့ပြီး ပြင်ဆင်ချိန် တစ်လဝန်းကျင်ရရှိမည် ဖြစ်သည်။

သော်လေး