နေပြည်တော်  ‌ဇွန်   ၇

အင်ဒိုနီးရှားနိုင်ငံက   အိမ်ရှင်အဖြစ်  လက်ခံကျင်းပလျက်ရှိသည့်  ASEAN U19 BOYS’ BANK SUMUT CHAMPIONSHIP   တတိယပွဲစဉ်အဖြစ်  ယနေ့ည ၇ နာရီခွဲက တီမောလက်စ်တေ ယူ-၁၉  အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ Teladan အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ မြန်မာ ယူ-၁၉  အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းအတွက်  ဂိုးများကို  လမင်းပြည့်စုံ၊  စွမ်းဇာနည်နှင့်   စိုင်းဘိုဘိုကျော်တို့က   သွင်းယူခဲ့ကြသည်။

မြန်မာ ယူ- ၁၉ အသင်းသည် တီမော ယူ-၁၉  အသင်းနှင့်  အုပ်စုနောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အုပ်စုပထမပွဲ၌ အိမ်ရှင် အင်ဒိုနီးရှားအသင်း၊ အုပ်စုဒုတိယပွဲ၌ ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ရမှုကြောင့်  အုပ်စုအဆင့်ကနေ ထွက်ခွာရပြီဖြစ်သည်။       

မြန်မာ့အလင်း