နေပြည်တော် ၂၆ ဇန်နဝါရီ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ အာဆီယံ စီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ ပါ အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးနိုင်ရေးအတွက် အာဆီယံဒေသတွင်း ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေး လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီများနှင့် ပဉ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မျိုး