mdn

နေပြည်တော် ၁ နိုင်ဝင်ဘာ

 

အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို  နိုဝင်ဘာ ၄ ရက်မှ ၈ ရက်ထိ နေပြည်တော်ရှိ Horizon  Lake View Hotel ၌ နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်သည်။

 

(၁၆)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးအစည်းအဝေး (16th SOMRDPE)နှင့်   (၁၂) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာအဆင့်မြင့်အရာရှိကြီး အစည်းအဝေး (12th SOMRDPE+3)ကို နိုဝင်ဘာ ၄ ရက်တွင် လည်းကောင်း၊ အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ မျှော်မှန်းချက်နှင့် စီမံချက်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ (SOMRDPE Workshorp 2021-2025)ကို နိုဝင်ဘာ ၅ ရက်တွင်လည်းကောင်း၊ (၈)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဖိုရမ်အစည်းအဝေး (8th ASEAN PPP Forum on RDPE)ကို နိုဝင်ဘာ ၆ ရက်တွင်လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ကျား-မ ရေးရာကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၇ ရက်တွင် လည်းကောင်း၊ (၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး (11th AMRDPE)ကို နိုဝင်ဘာ ၈ ရက်တွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။

 

ဆက်လက်၍ (၄)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှု အရည်အချင်းဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲကို နိုဝင်ဘာ ၈ ရက်၊ ညနေ ၆ နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

 

ဂျိုင်းလော