၅ ဖေဖော်ဝါရီ

အာဂျင်တီးနား ဘောလုံးသမား အီမီလာနိုဆာလာ ပါဝင်သည့် ပျောက်ဆုံးလေယာဉ်၏ အပိုင်းအစများကို အင်္ဂလိပ်ရေလက်ကြား ပင်လယ်ကြမ်းပြင်အောက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗြိတိန်လေကြောင်းဖြစ်ရပ် စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။ ခန္ဓာကိုယ်တစ်ခုကို လေယာဉ်အတွင်းပိုင်း၌ မြင်တွေ့နေရကြောင်း ၎င်းတို့က ပြောကြားသည်။

ဆာလာနှင့် ၎င်း၏လေယာဉ်မှူးတို့ တင်ဆောင်လာသည့် အဆိုပါလေယာဉ်မှာ ပြင်သစ်နိုင်ငံ နန်တက်စ်မှ ဝေလနိုင်ငံမြို့တော် ကာဒက်မြို့သို့ ပျံသန်းပြီးနောက် အင်္ဂလိပ်ရေလက်ကြားကိုဖြတ်သန်းစဉ် ဇန်နဝါရီလ ၂၁ရက်နေ့က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

အစပိုင်းတွင် ဗြိတိသျှနှင့် ပြင်သစ်အာဏာပိုင်များသည် ပျောက်ဆုံးလေယာဉ်ကို မရှာဖွေရာနိုင်ခဲ့ပဲ သုံးရက်အကြာတွင် ရှာဖွေမှုများ ရုတ်သိမ်းခဲ့သည်။ သို့သော်လည်း ဗြိတိန်လေတပ်၏ စုံစမ်းစစ်ဆေးရေး ရုံးခွဲတစ်ခုဖြစ်သော AAIB သည် လေယာဉ်ကူရှင်များကို တွေ့ရှိပြီးနောက် ရှာဖွေစုံစမ်းမှုများကို ပြန်လည်စတင်ခဲ့သည်။

 

mdn

 

ဆာလာ၏ မိသားစုက သင်္ဘောပျက်ရှာဖွေရာတွင် ကျွမ်းကျင်သူတစ်ဦးကိုငှားရမ်းရန် ငွေကြေးထည့်ဝင်ခဲ့သည်။

တနင်္ဂနွေနေ့တွင် အပျက်အစီးများရှိရာနေရာကို ရှာဖွေရေးအဖွဲ့က တွေ့ရှိခဲ့ကြသည်။ အပျက်အစီးများမှာ ပျောက်ဆုံးလေယာဉ်မှဖြစ်ကြောင်း အာဏာပိုင်များက နောက်တစ်နေ့တွင် ကောက်ချက်ချခဲ့သည်။

ဆာလာ၊ လေယာဉ်မှူး၏ မိသားစုများ၊ ရဲတပ်ဖွဲ့နှင့် တိုင်ပင်ပြီးနောက် အပျက်အစီးများကို ဆယ်ယူခြင်းရှိ မရှိ ဆုံးဖြတ်မည်ဟု AAIB အဖွဲ့က ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn