ဒီဇင်ဘာ ၁၉

 

အာဂျင်တီးနားနိုင်ငံ Bahia Blanca ဆိပ်ကမ်းမြို့တွင် အားပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၇ ရက်က  ပြောကြားသည်။

 

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းများတိုက်ခတ်သဖြင့် အားကစားကလပ်တစ်ခုရှိ ခေါင်မိုးပြိုကျမှုဖြစ်ပွားခဲ့သည်ဟု မြို့တော်ဝန်ရုံး၏သတင်းရင်းမြစ်အရ သိရသည်။ မုန်တိုင်းဒဏ်ခံရသော ဒေသရှိ ဒေသခံများသည် ဒီဇင်ဘာ ၁၈ ရက်မနက်ပိုင်းအထိ ၎င်းတို့၏နေအိမ်များအတွင်းမှာပင် နေထိုင်နေခဲ့ကြသည်ဟု ဖော်ပြထားသည်။

 

ယင်းမြို့တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ ကျော်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်ပွားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို