၃၁ ဒီဇင်ဘာ
အာဂျင်တီးနားနိုင်ငံ၌ AstraZeneca/Oxford မှ ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒုတိယမြောက် သုံးစွဲခွင့်ပြုလိုက်တဲ့နိုင်ငံ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့တွင် ဗြိတိန်အစိုးရက AstraZeneca/Oxford မှ ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အသုံးပြုနိုင်ကြောင်း ကြေညာပြီးနောက် အာဂျင်တီးနားနိုင်ငံကလည်း သုံးစွဲခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ်နဲ့ အက်စ်ထရာဇနက်ကာ တို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား အာဂျင်တီးနားနိုင်ငံတွင် ထုတ်လုပ်ပေးရန် သဘောတူညီထားပြီး အရေးပေါ် မှတ်ပုံတင်မှုကို တစ်နှစ်ခွင့်ပြုလိုက်ကြောင်း အာဂျင်တီးနား အမျိုးသား ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်။
လက်တင်အမေရိကနိုင်ငံတွေအား AstraZeneca/Oxford ထုတ် ကာကွယ်ဆေး ဖြန့်ချိရန်အတွက် အာဂျင်တီးနားနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အက်စ်ထရာဇနက်ကာတို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ Pfizer/BioNTech ထုတ်ကာကွယ်ဆေးနဲ့ Moderna ထုတ်ကာကွယ်ဆေးတို့ထက် သိုလှောင်ဖြန့်ချိရေးမှာ လွယ်ကူတာကို တွေ့ရပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အက်စ်ထရာဇနက်ကာတို့ ဆေးဟာ သာမန်ရေခဲသေတ္တ အတွင်းမှာ သိမ်းဆည်းနိုင်တဲ့အတွက် ဆေးတန်ဖိုးဟာ ဈေးနှုန်းချိုသာသလို ဆေးထိုးနှံရေးအတွက်လည်း လွယ်ကူတာကို တွေ့ရပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ အမေရိကန်ထုတ် Pfizer/BioNTech ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးနဲ့ ရုရှားထုတ် Sputnik V ဗိုင်းရပ်စ်ကာကွယ်ဆေးတို့ကိုလည်း သုံးစွဲခွင့်ပေးထားကြောင်း သိရပါတယ်။
သမ္မတ အယ်ဘတ်တိုဖာနန်ဒတ် အစိုးရက ကာကွယ်ဆေး ၅၁ သန်း ဝယ်ယူဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ လူဦးရေ ၄၄ သန်းနေထိုင်တဲ့ အာဂျင်တီးနားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ ဒသမ ၆ သန်း ရှိပြီး သေဆုံးသူ ၄၃,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
MDN
ကိုးကား - AFP
