အာဂျင်တီးနားနိုင်ငံ၌ ရေနံချက်စက်ရုံပေါက်ကွဲမှုကြောင့် လူသုံးဦးထက်မနည်းသေဆုံး

စက်တင်ဘာ ၂၃

 

အာဂျင်တီးနားနိုင်ငံတောင်ပိုင်း နျူကွန်ပြည်နယ် ပလာဇာဟွန်ကျူလ်မြို့တွင် ယမန်နေ့က နယူးအမေရိကန်ရေနံချက်စက်ရုံ မီးလောင်ကျွမ်းကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လူသုံးဦးထက်မနည်းသေဆုံးခဲ့သည်။

 

အဆိုပါပေါက်ကွဲမှုသည် အလွန်ပြင်းထန်ပြီး ထရပ်ကားခြောက်စီးမီးလောင်ကျွမ်းခဲ့သည်ဟု ထိုမြို့တော်ဝန် ဂတ်တာဗိုဆာရတ်ဇ်က ဆိုသည်။

 

ထိုရေနံချက်စက်ရုံတွင် ပင်မရေနံစိမ်းကန်တစ်ခုပေါက်ကွဲမှုဖြစ်ချိန်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

ယင်းပေါက်ကွဲမှုကြောင့် လူဦးရေမည်မျှပျောက်ဆုံးနေသည်ကိုမသိရှိရသေးသော်လည်း ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ထိုစက်ရုံအတွင်းတွင် အလုပ်သမားများရှိနေနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားသည်။

 

ဗျူနိုအေးရိစ်မြို့၏အနောက်တောင်ဘက် ကီလိုမီတာ ၁၂၅၀ အကွာခန့်တွင် တည်ရှိသော ထိုရေနံချက်စက်ရုံသည် ဒီဇယ်ဆီ၊ ပျော်ရည်၊ နိုင်လွန်ကတ္တရာနှင့် ဓာတ်ဆီစသည့် အမျိုးမျိုးသောထုတ်ကုန်များကို လုပ်ဆောင်ပေးသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို