ဇွန် ၁၇

 

အာဂျင်တီးနားနိုင်ငံတွင် လွန်ခဲ့သည့်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၈၇၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူဦးရေ ၄၁၉၈၆၂၀ အထိ ရှိလာသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၆၄၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၈၇၂၆၁ ဦး ရှိသည်ဟု ယမန်နေ့က ဖော်ပြထားသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၇၉၁၉၇၉ ဦး ရှိသည်။

 

လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၁၉၃၈၀ ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၇၁၀၅၅၃၉ ဦး ရှိသည်။

 

အာဂျင်တီးနားနိုင်ငံတွင် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်မှုနှင့် ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုအစီအမံများကို ဇွန် ၂၅ ရက်အထိ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို