မောင်ငြိမ်းအေး
ဇူလိုင်လသို့ရောက်သည်နှင့် မြန်မာ တစ်မျိုးသားလုံး၏ စိတ်အစဉ်တွင်စွဲထင်ကျန်ရစ်နေသည့် အကြောင်းကိစ္စတစ်ခုမှာ မြန်မာအမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အာဇာနည်နေ့ဖြစ်ပါသည်။ မြန်မာတစ်မျိုးသား လုံးအနေဖြင့် ဇန်နဝါရီလသို့ ရောက်လျှင်လွတ်လပ်ရေးနေ့၊ ဖေဖော်ဝါရီလသို့ရောက်လျှင်ပြည်ထောင်စုနေ့၊ မတ်လရောက်လျှင် တပ်မတော်နေ့ဟူ၍ နိုင်ငံတော်၏ အထွတ်အမြတ် နေ့ထူးနေ့ရက်တို့ကိုသိရှိနားလည်ထားကြပြီးနောက် မိုးလေးတဖွဲဖွဲကျသည့်ဇူလိုင်လသို့ရောက်သည်နှင့် လွမ်းမောကြေကွဲဖွယ်ရာ အာဇာနည်နေ့ကို သတိရလေ့ရှိကြပါသည်။
သမိုင်းတင်ကျန်ရစ်
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်အချိန်ကာလတွင် ကျွန်တော်တို့ မွေးဖွားကြီးပြင်းခဲ့ကြ သူများ မဟုတ်သော်လည်း အာဇာနည်ခေါင်းဆောင်ကြီးများကို ကျွန်တော်တို့ ယနေ့ထက်တိုင် သတိရနေကြ ပါသည်။ နိုင်ငံ့အတွက် သူမတူအောင် စွမ်းဆောင်ခဲ့ကြ သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဝမ်းနည်း ကြေကွဲဖွယ်ရာအဖြစ်ဆိုးကြီးကို ကျွန်တော်တို့သာမက နောင်အဆက်ဆက် မြန်မာမျိုးဆက်အဆက်ဆက်တို့မေ့နိုင်ကြမည်မဟုတ်ပါ။ အာဇာနည်နေ့သည် က္ဘာ တည်သရွေ့ မေ့ပျောက်သွားမည့် အကြောင်းကိစ္စမဟုတ်၍ သမိုင်းတင်ကျန်ရစ်နေမည်သာဖြစ်သည်။
အမှန်တကယ်တွင် တိုင်းသူပြည်သားအပေါင်းတို့ချစ်ခင်လေးစားသော၊ တန်ဖိုးထားသော အမျိုးသား ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ခံရခြင်း ကဲ့သို့ ကမ္ဘာ့သမိုင်းရာဇဝင်တွင်လည်း နိုင်ငံအသီးသီး၌ လုပ်ကြံခံရသော အာဇာနည်ခေါင်းဆောင်များ ရှိပါသည်။ နိုင်ငံ့သမိုင်းတွင် ထိုသမိုင်းဖြစ်ရပ်ကို ခေတ်အဆက်ဆက်ပြည်သူများ ထဲထဲဝင်ဝင်သိရှိနားလည်ပြီး စွဲစွဲနစ်နစ် သတိတရရှိကြခြင်းဖြင့် အမျိုးသားရေး စိတ်ဓာတ်များ ထက်သန်နိုးကြားအောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။
ရှင်သန်ထက်မြက်
အာဇာနည်နေ့ကို နှစ်စဉ်မပျက် ထိုနေ့ရောက်တိုင်း ကျင်းပခြင်းသည် လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သည့် ခေါင်းဆောင်ကြီးများ ၏ စွန့်လွှတ်စွန့်စား အနစ်နာခံဆောင်ရွက်ခဲ့မှုများနှင့်ကျေးဇူးတရားများကို မမေ့မလျော့ရှိစေရန်အတွက်နှစ်စဉ် ကျင်းပခြင်းဖြစ်သည်။ လွတ်လပ်ရေးကို အသက်သွေးချွေး စတေးပြီးမှ ခက်ခက်ခဲခဲယူခဲ့ရသည်ကိုနောင်လာနောက်သားများ သိရှိစေရန်နှင့် ငါတို့၏အမျိုးသားခေါင်းဆောင်ကြီးများ၊ တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် တန်ဖိုးမဖြတ်နိုင်သော လွတ်လပ်ရေးကိုဤသို့ အသက်စွန့်ကြိုးပမ်းအားထုတ်ခဲ့ကြမှုများအား သိမြင်နားလည်ပြီး ပြည်သူလူထု၏နှလုံးသားတွင်ထိုကဲ့သို့ပင် နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား ရဲသော မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်အတွက် နှစ်စဉ်ကျင်းပနေခြင်းဖြစ်သည်။
အမြဲထာဝရသတိရ
ကျွန်တော်တို့အနေဖြင့် ယနေ့ အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြသည်ကို သတင်းစာမျက်နှာများပေါ်တွင်မြင်တွေ့နေရပါသည်။ ထိုကဲ့သို့ဆောင်ရွက်ပေးနေခြင်း အတွက် ကျေးဇူးများစွာတင်ရှိနေပါသည်။ ကျွန်တော်တို့၏ အာဇာနည်ခေါင်းဆောင်ကြီးများသည် တိုင်းပြည်နှင့်လူမျိုးအတွက် ဤသို့ အသက်ပေးဆောင်ရွက်ခဲ့ကြသည်ကို ယနေ့ပြည်သူများ အောက်မေ့သတိရ မြင်တွေ့ခံစားကြရ မည်ဖြစ်သည်။ နှလုံးစိတ်ဝမ်းတွင် ဝမ်းနည်းပူဆွေးခံစား ကြရမည်ဖြစ်သလို အချိန်မတိုင်မီ ြွေကလွင့်ခဲ့ကြရသဖြင့်နှမြောတသ ဖြစ်ကြမည်ဖြစ်သည်။ ကျွန်တော်တို့ပြည်သူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကိုတန်ဖိုးထား လေးစားချစ်ခင်ရင်းစွဲရှိသည်အမှန်ဖြစ်၍ အမြဲထာဝရ သတိရနေချင်ပါသည်။ အမြဲထာဝရ ဦးòတ်အလေးပြု နေချင်ပါသည်။ ဤသည်မှာ ပြည်သူများအားလုံး ၏ဆန္ဒဟု ဆိုချင်ပါသည်။
အာဇာနည်စိတ်ဓာတ်များ
ယနေ့ပြည်သူများတွင်စွဲထင်ကျန်ရစ်ခဲ့ပါမှ နောင်လာမည့်မျိုးဆက်သစ်လူငယ်လူရွယ်များအကြား နိုင်ငံချစ်စိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံစိတ်များ မြင့်မားတိုးတက်လာမည်ဖြစ်ပြီး မိမိတို့ မျှော်မှန်းထားသော လူ့ဘောင်လောကသစ်ကိုတည်ဆောက်နိုင်မည်ဖြစ်သည်။ အာဇာနည်စိတ်ဓာတ်များ ပါးလျားသွားပါက ကိုယ်ကျိုးစီးပွားရှေ့တန်းတင်သည့် စိတ်ဓာတ်များ၊ ဘယ်သူသေသေ ငတေမာလျှင်ပြီးစတမ်း စိတ်ဓာတ်များ၊ အမှား အမှန်၊ အကောင်း အဆိုး မခွဲခြားဘဲ မှန်သည်ထင်ရာ ကို တဇောက်ကန်းလုပ်သည့်စိတ်ဓာတ်များ ထွန်းကားလာကာ နိုင်ငံပျက်စီး ခြင်းဆီသို့ရောက်ရှိသွားနိုင်ပါသည်။
သတိမူရမည်ဖြစ်သည်
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ခြင်းသည်တိုင်းပြည်အတွက် ကြီးမားသောဆုံးရှုံးမှုကို ဖြစ်ခဲ့ပါသည်။ အမျိုးသားခေါင်းဆောင်ကြီးများ ဆုံးရှုံးခဲ့ရခြင်းကိုအောက်မေ့သတိရရုံသာမက အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ စိတ်ဓာတ်များထားရှိနိုင်စေရန်အပြင်အမျိုးသားခေါင်းဆောင်ကြီးများအား လုပ်ကြံခဲ့သော လူမဆန်သည့်လုပ်ရပ်များနှင့် မိမိတို့အာဏာရရှိရေး အတွက် မိုက်ရူးရဲဆန်သည့် မမှန်ကန်သောလုပ်ရပ်များကိုမျိုးဆက်သစ်လူငယ်များ သိရှိနားလည်ထားရန် လိုအပ်ပါ သည်။ အထူးသဖြင့် လက်နက်အားကိုးဖြင့် နိုင်ငံ့အကျိုးကိုဖျက်လိုဖျက်ဆီးလုပ်ရပ်များအား စက်ဆုပ်ရွံရှာတတ်ရန်လိုအပ်ပါသည်။ ယင်းလုပ်ရပ်များကို အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်းကဲ့သို့သာမက မျက်မှောက်ကာလ တိုင်းပြည်ဖျက်ဆီးခြင်း အခြေအနေ များက အလားတူသက်သေပြနေသည်ကို သတိမူရမည်ဖြစ်ပါသည်။
တိုင်းပြည်ချစ်စိတ်နိုးကြား
နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ သတ်မှတ်အချိန်၊ သတ်မှတ်နေရာတွင် အာဇာနည်နေ့အခမ်းအနားများ ကျင်းပခြင်းသည် တစ်နှစ်တာ နှစ်ပတ်လည်အထိမ်း အမှတ်အခမ်းအနားအဖြစ် သတ်မှတ်ကျင်းပခြင်းဖြစ်ပါ သည်။ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါရဝပြု ဦးòတ်ဂုဏ်ပြုခြင်းသည် လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သည့် ခေါင်းဆောင်ကြီးများ ၏ စွန့်လွှတ်စွန့်စား အနစ်နာခံဆောင်ရွက်ခဲ့မှုများနှင့်ကျေးဇူးတရားများကို မမေ့မလျော့ရှိစေရန်အတွက်နှစ်စဉ် ကျင်းပခြင်းဖြစ်သည်။ လွတ်လပ်ရေးကို အသက်သွေးချွေး စတေးပြီးမှ ခက်ခက်ခဲခဲယူခဲ့ရသည်အား နောင်လာ နောက်သားများ သိရှိစေရပြီး တိုင်းပြည်ချစ်စိတ်များ နိုးကြားရှင်သန်လာစေရန်ဖြစ်သည်။
အာဇာနည်စိတ် တိုးပွား
ယနေ့ပြည်သူများ အာဇာနည်ခေါင်းဆောင်ကြီး များအား အောက်မေ့သတိရ ဂါရဝတရားများ မပျောက်ပျက်သလို နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များ ကိုလည်း လက်ဆင့်ကမ်းအမွေ ဆက်လက်ပေးဝေနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ သို့မှသာ လူငယ်များဘဝကတည်းက နိုင်ငံအတွက်အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ်များ သနေ ̈တည် ကိန်းအောင်းလာမည်ဖြစ်သည်။ တစ်နှစ်တစ်ခါ သတိရသည့် အာဇာနည်စိတ်မျိုး မဟုတ်ဘဲ အစဉ်အမြဲသတိရနေသည့်၊ တစ်နေ့မှ မမေ့နိုင်သည့် အာဇာနည်စိတ်ဓာတ်များ တိုးပွားရှင်သန်လာမည်ဖြစ်ပါသတည်း။ ကြေးမုံ