ရန်ကုန် ဇူလိုင် ၁၉

 

၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းလောင်း အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့  (၇၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်သင်းသင်းနွဲ့၊ ရန်ကုန်မြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

mdn

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာဂန္ထဝါစကပဏ္ဏိတ ပါဠိတက္ကသိုလ်ညောင်တုန်း ပရိယတ္တိ စာသင်တိုက် စာချ နာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ ထံမှ ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြကာ  လှူဖွယ် ဝတ္ထု ပစ္စည်းများနှင့် ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာဂန္ထဝါစကပဏ္ဏိတ ပါဠိတက္ကသိုလ် ညောင်တုန်း ပရိယတ္တိ စာသင်တိုက် စာချ နာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလ ထံမှ အနုမောဒနာတရား နာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။

 

သတင်းစဉ်