ကသာ ၁၁ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပုလွေရွှေကျေးရွာ အုပ်စု၊ ပုလွေရွှေ ကျေးရွာ အထက(ခွဲ)ကျောင်းတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပုလွေရွှေကျေးရွာ အထက(ခွဲ)ကျောင်း ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်သန်း က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ် ဦစီးမှူး ဦးဟန်မျိုးကျော် က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် (၉)ဦး အကြောင်း အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။


ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းသန်း က စားသုံးရန်မသင့်သော အစားအစာများနှင့် ဆိုးဆေးပါသော စားသုံးကုန်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ  ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့ကို အစဉ်အမြဲ အမှတ်ရစေရန် နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်ကို လေးစားအတုယူစေရန် ရည်ရွယ်၍ အာဇာနည် (၉)ဦး၏ မှတ်တမ်း ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိမှတ်တမ်းဓာတ်ပုံများ ပြသခဲ့ကြောင်း သိရသည်။


နိုင်လင်းထက် (ပြန်/ဆက်)

 

1