ရန်ကုန် ၁၉ ဇူလိုင်
၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့၊ ယနေ့တွင် ကျရောက်သော (၇၃)နှစ်မြောက် အာဇာနည်နေ့၊ နံနက် (၁ဝ) နာရီ (၃၇)မိနစ် အချိန်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား သတိရအောက်မေ့စွာဖြင့် ရန်ကုန်မြို့ရှိ ကားလမ်းများပေါ်တွင် သွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ကားများရပ်တန့်၍ ဟွန်းရှည်များတီးပြီး ငြိမ်သက်စွာ အလေးပြုခဲ့ကြသည်။
# MRTV


