အောင်လံ ၁၉ ဇူလိုင်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ (၇၂)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းဓါတ်ပုံများ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်းများ၊စာအုပ်စာစောင်များကို ခင်းကျင်းပြသထားပြီး ကြက်ခြေနီ အသင်းအဖွဲ့များ၊လူမှုရေးအသင်းများနှင့်စာပေဝါသနာရှင် စုစုပေါင်း အင်အား ၁၅၀ တက်ရောက် ခဲ့ကြောင်း သိရသည်။
ခိုင်ဝင်း (ပြန်/ဆက်)


