ရန်ကုန်   ဇူလိုင်   ၁၄

 

ပညာရေးဝန်ကြီးဌာန ဆရာအတတ် ပညာဦးစီးဌာနအောက်ရှိ ပညာရေးဒီဂရီကောလိပ်များတွင် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်၌  ယနေ့နံနက်  ၁၀  နာရီက စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲကို  လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းမှ သင်တန်းသား သင်တန်းသူ ၄၂ ဦးနှင့် ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူ ၇၀ စုစုပေါင်း ၁၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)