ဝါရှင်တန် ၁၁ ဧပြီ

 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အာကာသတွင်းနက်  (Black Hole) ၏ ပုံရိပ်များကို ဖမ်းယူရရှိခဲ့ကြောင်း ဆင်ဟွာ  သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ တွင်းနက်ကို  ကမ္ဘာမြေကနေ အလင်းနှစ်သန်းပေါင်းများစွာ အကွာအဝေးက နဂါးငွေ့တန်း၏ အလယ်ဗဟိုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အကာသအတွင်းက Event Horizon Telescope (EHT) နှင့် မြေပြင်အခြေစိုက် ရေဒီယို တယ်လီစကုပ် ၈ ခုတို့ ချိတ်ဆက်ကာ ပုံရိပ်များကို ဖမ်းယူရရှိခဲ့ခြင်းဖြစ်သည်။

 

သိပ္ပံပညာရှင်များ၏ ထုတ်ဖော်ပြသမှုများအရ အဆိုပါတွင်းနက်၏ ပုံစံမှာ အတွင်းပိုင်းတွင် မှောင်နေပြီး အပြင်ဘက်တွင် အလင်းရောင်များဖြင့် ဝိုင်းပတ်နေသည်ကို တွေ့ရသည်။

 

“ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ တွေ့ရှိမှုပဲ။ တွင်းနက် တည်ရှိမှုရဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားကို ဒီနေ့မှာ ရခဲ့တယ်။” ဟု  တွင်းနက်၏ ပုံရိပ်များကို ထုတ်ဖော်ပြသခဲ့သူ ဟားဗတ်တက္ကသိုလ် အာကာသ ရူပသိပ္ပံ ပညာရှင်၊ (EHT)  စီမံကန်း ဒါရိုက်တာ ရှပတ် ဒိုလီမွန်က ပြောကြားခဲ့သည်။ ယင်းတွေ့ရှိမှုကြောင့် အဲလ်ဘတ် အိုင်းစတိုင်း၏ ယေဘူယျ နှိုင်းယှဉ် သီအိုရီဖြစ်သော စကြဝဠာအတွင်းက ကြီးမားသော ဝတ္ထုပစ္စည်းများကို လေ့လာရန် သိပ္ပံပညာရှင်များအတွက် နည်းလမ်းအသစ်တစ်ခု ပေါ်ထွက်လာစေခဲ့သည်။

 

mdn

 

အိုင်းစတိုင်း၏ သီအိုရီအရ တွင်းနက်များသည် ဆွဲငင်အားရှိကြောင်းနှင့် ၎င်းတွင် အလင်းရောင်လည်း မရှိကြောင်း၊ ၎င်း၏ ဆွဲငင်အားပြင်းထန်မှုကြောင့်  အစိတ်အပိုင်းတစ်ခုတစ်လေမှ  လွင့်ထွက်လာခြင်းမရှိကြောင်း သိရသည်။

 

မက်စ် ပလန့်  တက္ကသိုလ်မှ အာကာသ ရူပဗေဒပညာရှင် EHT အဖွဲ့ဝင် ဂျေဆွန် ဒက်တာ ကတော့ “ နှိုင်းယှဉ် သီအိုရီရဲ့ ခန့်မှန်းဖော်ထုတ်ချက်အရ ဒါဟာ အာကာသအတွင်းမှာ တွင်းနက်တည်ရှိနေကြောင်း အကောင်းဆုံးသက်သေဖြစ်လိမ့်မယ်” ဟု ၎င်း၏ အမြင်ကို ပြောကြားသွားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စု အမျိုးသားသိပ္ပံဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဖရန့်စ် ကော်ဒိုဗာ၏ ပြောကြားချက်အရ “a herculean task” အမည်ရှိ မစ်ရှင်တစ်ခု သတ်မှတ်ပြီး  EHT တယ်လီစကုပ်အား ကမ္ဘာပေါ်က ဟာဝိုင်ယီ၊ မက္ကဆီကို၊ အရီဇိုးနားတောင်တန်း၊ စပိန်ရှိ ဆီရာ နဗာဒါ၊ ချီလီရှိ အာ့တ်ကာမာ သဲကန္တာရ နှင့် အန္တာတိက အစရှိသည့် ဒေသများမှ ရေဒီယို တယ်လီစကုပ်များနှင့် ကွန်ရက်ချိတ်ဆက်မှု ပြုလုပ်ပြီး  ပုံရိပ်များကို ဖမ်းယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   

 

mdn

 

ကမ္ဘာတစ်ဝန်းက တယ်လီစကုပ်များ တစ်ပြိုင်တည်း အလုပ်လုပ်နိုင်မည့် very-long-baseline interferometry (VLBI) စနစ်ကို အသုံးပြုခဲ့ပြီး EHT တယ်လီစကုပ်ဟာ နယူးယောက်မှ သတင်းစာကို ပဲရစ်ရှိ ကော်ဖီဆိုင်မှ ဖမ်းယူဖတ်ရှုနိုင်ကြောင်း ဟားဗတ် တက္ကသိုလ်မှ အာကာသရူပဗေဒ ပါမောက္ခ အန်းဒရီး စထရောင်း မင်ဂါက ရှင်းပြခဲ့သည်။ တရုတ်နက္ခတဗေဒ ပညာရှင်များ ပါဝင်သည့် သပ္ပံပညာရှင် ၂၀ဝ ကျော်သည် တွင်းနက်၏ ပုံရိပ်များကို ဖမ်းယူရရှိရန် အတူတကွ ကြိုးစားဆောင်ရွက်ခဲ့ကြရသည်။

 

ဆင်ဟွာ သတင်းအရ တရုတ်နိုင်ငံက အဆိုပါမစ်ရှင်အတွက် ငွေကြေးထောက်ပံ့မှုနှင့် အချက်အလက် ဆန်းစစ်ခြင်းကဲ့သို့ အရေးကြီးသည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။ ရှပတ် ဒိုလီမွန် ဟာ တရုတ် သိပ္ပံ္ပံပညာရှင်များနှင့်တွဲပြီး အချက်အလက် ဆန်းစစ်ပိုင်းခြားသည့် အယ်လ်ဂိုရီသမ် တည်ဆောက်ပုံ၊ ပုံရိပ်များအား ကြည်လင်ပြတ်သားမှုရှိရန် ဆောင်ရွက်ပုံ၊ VLBI စနစ်အား ကူညီထောက့်ပံ့ရပုံတို့ကို ပြောပြခဲ့သည်။ တရုတ်သိပ္ပံပညာရှင်များက အရှေ့တောင်အာရှကို စောင့်ကြည့်နေသည့် ဟာဝိုင်ယီမှ James Clerk Maxwell အမည်ရှိ တယ်လီစကုပ် လည်ပတ်အလုပ်လုပ်နိုင်ရန်လည်း ကူညီစောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

SMZaw(MDN)

Source> Xinhua