ဒေးဒရဲ ၂၈ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း ကရဝိက်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒေးဒရဲမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်စည်သူဟိန်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ အထက(၁)မှ ဆရာဦးသက်အောင်က လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက ကိုယ်လက်လှုပ်ရှား အားကစားခြင်းအဖြစ် Fitness Dance သရုပ်ပြခြင်းအား စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


