အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် Myanmar Fitness Dance သရုပ်ပြပွဲ ဖလမ်း၌ ကျင်းပ

အားကစားဆိုင်ရာ အသိပညာရရှိရေးနှင့် အားကာသိပ္ပံသင်တန်းသား၊ သင်တန်းသူများ ပေါ်ထွန်းလာရေး အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် Myanmar Fitness Dance အက သရုပ်ပြပွဲကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဖလမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့ မျက်နှာစာ၌ ကျင်းပသည်။

 

ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာန ဖလမ်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနားက အားကစားဆိုင်ရာ သိကောင်းစရာများ၊ သိသင့်သိထိုက်သည်များ၊ အားကသိပ္ပံကျောင်း တက်ရောက်နိုင်ရေး သိကောင်းစရာများကို ဟောပြောသည်။ ထို့နောက် နည်းစနစ်မှူး ဒေါ်အွမ်လဲင်ကိမ်းက Myanmar Fitness Dance အကကို ဦးဆောင်သင်ကြားပေးပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက စုပေါင်းကပြခဲ့ကြကြောင်း သိရသည်။

 

ဂျွန်