ရန်ကုန် ၃၀ စက်တက်ဘာ
ယနေ့နံနက် ၈ နာရီခွဲက ကျိုက္ကဆံ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လူငယ်နှီးနှောဖလှယ်ပွဲ (၂၀၁၉) ရန်ကုန် ဖွင့်ပွဲအခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများဖြင့် နေထိုင်ကြသော ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စု၏ အနာဂါတ်ကို တူညီစွာပိုင်ဆိုင်ထားကြသူများဖြစ်ပြီး ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်များအနေဖြင့် တစ်ယောက်ချင်းစီ ဖွံ့ဖြိုးတိုးတက်ရန်အရေးကြီးသကဲ့သို့ အစုအဖွဲ့၊ အသိုက်အဝန်းတစ်ခုလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန်၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်နာလည်းမှုများ တည်ဆောက်ခြင်းနှင့် အစုအဖွဲ့ဖြင့် ဆောင်ရွက်တက်သော အလေ့အထများ ဖွံ့ဖြိုးလာရန်အတွက် ရည်ရွယ်ပြီးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
နှီးနှောဖလှယ်ပွဲကို စက်တင်ဘာ (၃၀)ရက်မှ အောက်တိုဘာ (၂)ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရသည်။
ဆန်းကျော်ဦး (ပြန် / ဆက်)


