mdn

ဘားအံ ဒီဇင်ဘာ ၁၉
    
၂၀၂၁ ခုနှစ် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ ကန်သာယာ၌ ကျင်းပရာ အမျိုးသား/အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲ၊ ၃ တက်လှော်ပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြည့်ရှု့ခဲ့ကြသည်။
    
ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ပွဲစဉ်ပေါင်း ၆ ပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်များ အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးဇော်ဌေးက ရေပြင်သက်ကယ်အဖွဲ့အား ဂုဏ်ပြုဆုများကိုလည်ကောင်း၊ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြိုင်ပွဲတွင်ပံ့ပိုးကူညီပေးသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးသိန်းကိုကိုတို့က အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးသုံးယောက် တွဲပြိုင်ပွဲ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး(၅)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား(၅)ယောက်တွဲပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အသင်းများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသား(၅)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော မြို့မတိုက်နယ်လှေလှော်အသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကာ ဆုချီးမြှင့်ပွဲအပြီးတွင် ဆုရလှေလှော်အသင်းများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
    

စောမျိုးမင်းသိန်း(ပြန်/ဆက်)