နေပြည်တော် ဧပြီ ၁၄
၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီ(၁၄)ရက်မှ (၁၆)ရက်အထိ ကျင်းပမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော် အခမ်း အနားကို ယနေ့ (အကျနေ့) နံနက်(၈)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲ အသီးသီးမှကျွေးမွေးသည့် မြန်မာ့ရိုးရာအစားအစာများကို ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့်အတူ ပျော်ပျော်ပါးပါး စားသောက်ကြပြီး လမ်းလျှောက်သင်္ကြန်(အကျနေ့)အား ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး ဌာနခွဲများမှ ဝန်ထမ်းများက မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများ၊ Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ အားကစားမောင်မယ်များ အတာသင်္ကြန်မဏ္ဍပ်၌ မြန်မာနိုင်ငံတွင် ပူးတွဲလာရောက်လေ့ကျင့်လျက် ရှိသည့် ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားမောင်မယ်များ၊ မြန်မာ့လက်ရွေးစင်အားကစား မောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ၏ ပျော်ပျော်ပါးပါး ရေပက်ကစားနေမှုများကိုလည်းကောင်း၊ အားကစားအဖွဲ့များမှ အားကစားမောင်မယ်များ၏ သင်္ကြန် သီချင်း၊ သင်္ကြန်အကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး မြန်မာ့ ရိုးရာ အတာသင်္ကြန်(အကျနေ့)အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကျနေ့)အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့်ဇနီး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်