နေပြည်တော် ဧပြီ ၁၇
အားကစားရေးရာဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူး အခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ်(၁)ရေကန်၌ ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး ဇီဝိတဒါနအဖြစ် ကန်အတွင်းသို့ ငါးကြင်း ရွှေဝါသားပေါက်ကောင်ရေ ၉၀၀၀ ကို ဘေးမဲ့လွှတ်ပေးကြသည်။
အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပေါများလာစေရေးနှင့် ငါးမျိုးစိတ်များစွာ ပိုမိုပေါက်ပွားလာစေရေးတို့အတွက် ရည်ရွယ်၍ နှစ်စဉ် ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


