အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေ ခြုံငုံသုံးသပ်ချက်

DMH-WRF Model ၏ ၂၃-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၄-၅-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ၊ ပိုမိုအားကောင်းလာနိုင်ပြီး၊       ၂၆-၅-၂၀၂၄ ရက်နေ့တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့သို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရ ပါသည်။

 

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏   ၂၄-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၄-၅-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါသည်။ ထို့နောက် မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ၊ ပိုမိုအားကောင်းလာနိုင်ပြီး ၂၅-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင်  ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ပိုမိုအားကောင်းလာနိုင်ပြီး      ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏ ၂၃-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ ပိုမိုအားကောင်းလာနိုင်ပြီး ၂၄-၅-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်-အနောက်မြောက်ဘက် သို့ပြန်ကွေ့ပြီး၊ ၂၅-၅-၂၀၂၄ ရက်နေ့၌ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းတို့အကြားသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

အိန္ဒိယနိုင်ငံ၊ Global Forecasting Model (GFS) Data ၏ ၂၃-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ  ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ ပိုမိုအားကောင်းလာနိုင်ပြီး ၂၄-၅-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကာ၊                     မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ၂၆-၅-၂၀၂၄ ရက်နေ့တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့သို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

ယခုအချိန်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေသော်လည်း သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

Crd> မိုး/ဇလ