နေပြည်တော် ၂၇ ဧပြီ
အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(ဝ၆/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:ဝ၀)နာရီအချိန်ထုတ်ပြန်ချက်)
အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာ နိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee) ၏ အရှေ့-အရှေ့တောင် ဘက် မိုင်(၄၆၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့ တောင်ဘက် မိုင်(၆၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိသေး သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာ စံတော်ချိန် (၁၃:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု(၄.၉) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀ဝ၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။
နောက်(၆)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် နောက်(၆) နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ် သို့လည်းကောင်း၊ နောက်(၃၆)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
အကြံပြုချက်
(က) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
MDN
