အာလာဒင်ရုပ်ရှင် ဝင်ငွေကောင်းတဲ့ဇာတ်ကားအဖြစ်ရပ်တည်နိုင်

၂၈ မေ

၁၉၉၂ ခုနှစ်တုန်းက အန်နီမေးရှင်းရုပ်ရှင်ကို ပြန်လည်အသက်သွင်းထားတဲ့ အာလာဒင်ရုပ်ရှင်ကားဟာ  အမေရိကန် မြောက်ပိုင်းမှာပြသရာမှာတော့ သီတင်းပတ် လေးပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၂.၇သန်း ရရှိခဲ့ပါတယ်။

၂၀ဝ၇ခုနှစ်တုန်းက Priates of the Caribbean :At World’s End ဇာတ်ကားဟာလည်း ဝင်ငွေ ၁၃၉ သန်း ရရှိခဲ့လို့ ဒစ်စနေးရုပ်ရှင်အနေနဲ့ အားလပ်ရက်အတွင်း ပြသရာမှာ ဝင်ငွေကောင်းတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းက အာလာဒင်ဇာတ်ကား နမူနာပြသစဉ်က ပရိသတ်တွေဟာ မီးခွက်စောင့်ဘီလူးအဖြစ် သရုပ်ဆောင်တဲ့ ဝီလ်စမစ်ကို ဝေဖန်ခဲ့ကြတဲ့အတွက် ဒီဇာတ်ကားဟာ အခြေအနေကောင်းပါ့မလားလို့ စိတ်ပူခဲ့ကြရပါတယ်။ မူလအန်နီမေးရှင်းရုပ်ရှင်ကို မမှီမှာစိုးရိမ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း Box Officeမှာ မှော်ဆန်ဆန်ပဲ ဝင်ငွေကောင်းတဲ့ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အာလာဒင်ဇာတ်ကားမှာ ဝီစမစ်နဲ့အတူ နာအိုမီစကော့၊ မီနာ မက်စ်ဆောက် တို့ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ဒါရိုက်တာကတော့ ဂိုင်းရစ်ချီ ကရိုက်ကူးခဲ့တယ်လို့သိရပါတယ်။

ခြူးစန္ဒီနွေး
ကိုးကား-စီအန်င်အင်