မော်စကို ၁၁ အောက်တိုဘာ

 

ရုရှားနိုင်ငံ မော်စကိုမြို့တွင် အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းပြီးနောက် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် နိုင်ငံတို့သည် နာဂေါ်နို - ခါရရာဘတ်ဒေသ အပစ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၀ ရက်က သဘောတူခဲ့ကြသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သော အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် အဆိုပါသဘောတူညီချက်ကို ကြေညာခဲ့သည်။

 

အပစ်ရပ်စဲရေး၏ တိကျသော ကန့်သတ်ချက်ဘောင်နှင့် ပတ်သက်ပြီး ဆက်လက်သဘောတူညီမှု ရယူသွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

 

အပစ်ရပ်သဘောတူညီချက်အရ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် အကျဉ်းသားများ၊ ဖမ်းဆီးထိန်းသိမ်းထားသူများနှင့် သေဆုံးသူ အလောင်းများကို လဲလှယ်ကြမည်ဖြစ်သည်။ ငြိမ်းချမ်းမှုရရန် မျှော်လင့်ချက်ဖြင့် နှစ်နိုင်ငံသည် မင့်ခ်အုပ်စု၏ ကြားဝင်ထိန်းကျောင်းမှုဖြင့် ညှိနှိုင်းဆွေးနွေးမှု အမြောက်အမြား မကြာမီစတင်ရန်လည်း သဘောတူခဲ့ကြသည်။

 

ဆင်ဟွာ